ယီမင် ကာကွယ်ရေးရုံးမှာ အသေခံဗုံးခွဲ

ယီမင် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနမှာ အသေခံ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ အဲဒီ ပေါက်ကွဲမှုကြောင့် လူ ၂၉ ယောက် သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာ ရခဲ့တယ်လို့ Sanaa More »

တပ်မတော်သည် ဒီမိုကရေစီ လမ်းကြောင်းကို အမှန်တကယ် လိုလားစွာ လျှောက်လှမ်းနေသည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ပြောကြားCreated on Thursday, 05 December 2013 08:04 တပ်မတော်သည် ဒီမိုကရေစီ လမ်းကြောင်းကို အမှန်တကယ် More »

ဘားအံဆွေးနွေးပွဲ ကျင်းပနိုင်ရေး အစိုးရ အလုပ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ NCCT အဖွဲ့တို့ တွေ့ဆုံရန် ညှိနှိုင်းနေ Created on Thursday, 05 December 2013 08:09 More »

 

ယီမင် ကာကွယ်ရေးရုံးမှာ အသေခံဗုံးခွဲ

ယီမင် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနမှာ အသေခံ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

အဲဒီ ပေါက်ကွဲမှုကြောင့် လူ ၂၉ ယောက် သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာ ရခဲ့တယ်လို့ Sanaa မြို့တော်က အရာရှိတွေက ပြောပါတယ်။

စစ်ယူနီဖောင်း ဝတ်ထားတဲ့ အမျိုးသားတွေက ဝန်ကြီးဌာနရုံး ဂိတ်ပေါက်မှာ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကြပြီး မရှေးမနှောင်းမှာ ကားဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုကို မျက်မြင် ကြုံတွေ့ခဲ့ရသူ တစ်ယောက်က ပေါက်ကွဲသံကြီးကို သူတို့ ကြားခဲ့ရတယ်၊ အနီးဝန်းကျင်ကိုပါ ထိမှန်ပြီး အိမ်ပြူတင်းပေါက်တွေ ကွဲကုန်တယ်၊ လူတွေအားလုံးရော ကလေးတွေပါ ထိတ်လန့် ကြောက်ရွံ့ခဲ့ကြတယ်လို့ ပြောပါတယ်။

တချို့ သတင်းတွေမှာတော့ ဒီတိုက်ခိုက်မှုမှာ အယ်လ်ကိုင်းဒါး ပါဝင် ပတ်သက်တယ်လို့ ပြောနေပေမယ့် ဆန်နား မြို့တော်က အစိုးရ ဝန်ကြီး တစ်ယောက်ကတော့ ဒါဟာ သမ္မတဟောင်း အလီ အဗ္ဗဒူလာ Ali Abdullah Saleh နဲ့ ဆက်စပ်နေသူတွေကို ပြစ်တင် ပြောဆိုပါတယ်။

သေဆုံးသူတွေထဲမှာ တိုက်ခိုက်သူ အတော်များများလည်း ပါဝင်တဲ့ အပြင် ကာကွယ်ရေး ဝန်ကြီးဌာန ဝင်းအတွင်းမှာ ရှိတဲ့ ဆေးရုံက ဆေးဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။

BBC Burmese

တပ်မတော်သည် ဒီမိုကရေစီ လမ်းကြောင်းကို အမှန်တကယ် လိုလားစွာ လျှောက်လှမ်းနေသည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ပြောကြား

Created on Thursday, 05 December 2013 08:04 

တပ်မတော်သည် ဒီမိုကရေစီ လမ်းကြောင်းကို အမှန်တကယ် လိုလားစွာ လျှောက်လှမ်းနေသည်ဟု ဒီဇင်ဘာ ၃ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး လွှတ်တော် အစည်းအဝေး ခန်းမတွင် ကျင်းပသည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည် ဟု ဒီဇင်ဘာ ၄ ရက်ညပိုင်းက မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ဖော်ပြခဲ့သည်။

တပ်မတော်၏ အဓိကတာဝန်မှာ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက် သကဲ့သို့ တိုင်းရင်းသား ပြည်သူလူထု၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက် လျက်ရှိပြီး ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ပေးလျက် ရှိကြောင်း၊ တပ်မတော် အနေဖြင့် ဒီမိုကရေစီ လမ်းကြောင်းကို အမှန်တကယ် လိုလားစွာ လျောက်လှမ်းနေကြောင်း၊ မိမိတို့၏ ရည်မှန်းချက်မှာ စုစည်းညီညွတ်သည့် ပြည်ထောင်စုကြီးကို တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။

တည်ငြိမ်အေးချမ်းမှုရှိပြီး တရားဥပဒေ စိုးမိုးမှုရှိမှသာ ယင်းကိုအခြေခံ၍ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ပါက မျှော်မှန်းထားသည့် ဒီမိုကရေစီ ပန်းတိုင်ကို မယိမ်းမယိုင် ရောက်ရှိနိုင်မည်ဟုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့သည်ဟု သိရသည်။

တပ်မတော်သားများ အနေဖြင့် မိမိတို့ကြောင့် အထင်အမြင် လွဲမှားမှုများ မဖြစ်အောင် ထိန်းသိမ်းသွားရန် ဒီဇင်ဘာ ၁ ရက်က သံတွဲတပ်နယ်မှ အရာရှိစစ်သည် မိသားစုဝင်များနှင့် တွေ့ဆုံစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့သည်ဟု သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/newsinmm

ဘားအံဆွေးနွေးပွဲ ကျင်းပနိုင်ရေး အစိုးရ အလုပ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ NCCT အဖွဲ့တို့ တွေ့ဆုံရန် ညှိနှိုင်းနေ

Created on Thursday, 05 December 2013 08:09

ကချင် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)၏ ဌာနချုပ်ရှိရာ လိုင်ဇာဒေသနှင့် မြစ်ကြီးနားမြို့တို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများ၏ အဆက်ကို ဘားအံတွင် ဆွေးနွေးနိုင်ရေး အစိုးရ အလုပ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့(NCCT) တို့ တွေ့ဆုံရန် ညှိနှိုင်းနေသည်ဟု Myanmmar Peace Center မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန်နှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၂ ရက်အထိ ကချင်ပြည်နယ် လိုင်ဇာဒေသ၌ ဆွေးနွေးခဲ့ကာ နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက် များတွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီနှင့် မြစ်ကြီးနားမြို့၌ တွေ့ဆုံ၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ် ဘားအံတွင် ထပ်မံတွေ့ဆုံရန် နှစ်ဖက်သဘောတူညီမှု ရခဲ့သည်။အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဘားအံတွင် ထပ်မံဆွေးနွေးနိုင်ရေး အတွက် ပြင်ဆင်မှု ပြုလုပ်ရန် အလုပ်အဖွဲ့ အချင်းချင်း ဦးစွာတွေ့ဆုံရန် စီစဉ်နေကြောင်း သိရသည်။

”NCCT နဲ့ တွေ့ဖို့ဆိုတာ အခုညှိနှိုင်း နေတုန်းပါ။ သူတို့ကလည်း သူတို့ရဲ့အဖွဲ့ တစ်ခုလုံး သဘောတူညီမှု ရဖို့ဆိုတာ အဖွဲ့တွေကများတော့။ အချိန်လေးတော့ ယူရတာပေါ့။ အလုပ်အဖွဲ့ချင်းတွေ့ဖို့ ညှိနှိုင်းနေတယ်။ ရက်တွေညှိနေတယ်။ လိုင်ဇာနဲ့ မြစ်ကြီးနားရဲ့ အဆက်ကို ဘားအံမှာ ကျွန်တော်တို့ ဆွေးနွေးနိုင်ဖို့ ပြင်နေတဲ့ ပြင်ဆင်မှု တစ်ခုပေါ့။ ဘားအံဆွေးနွေးပွဲကျမှပဲ အပြီးသတ်လုပ်နိုင်မယ့် သဘောရှိတာပေါ့။ အခု လောလောဆယ် ဘယ်မှာတွေ့ရင် ကောင်းမလဲ ဘယ်သူတွေ လာမလဲ ဆိုတာတွေကို ဆွေးနွေးနေပါတယ်” ဟု ဦးအောင်နိုင်ဦးက ဒီဇင်ဘာ ၄ ရက်က The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

ကျန်ရှိနေသေးတဲ့ သံသယတွေ မယုံကြည်မှုတွေ၊ စိုးရိမ်ကြောင့်ကြ မှုတွေကို ဖြေလျော့ပြီး မှန်ကန်တဲ့ နိုင်ငံရေး နည်းလမ်းတွေနဲ့ တိုင်းရင်းသားများရဲ့ လိုလားချက်များကို ဆွေးနွေးညှိနှိုင်းဖို့ အခိုင်အမာ သံန္နိဌာန်ချထား…

အစိုးရနှင့် ဘားအံတွင် မတွေ့ဆုံမီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား လိုင်ဇာကဲ့သို့သော ညီလာခံကို ကရင်အမျိုးသား အစည်းအရုံး (ကေအင်န်ယူ) နယ်မြေတွင် ပြုလုပ်ရန် စီစဉ်ထားပြီး ဒီဇင်ဘာ ၁၇ ရက်မှ ၂၁ ရက်အတွင်း ကျင်းပရန် လျာထားကြောင်းနှင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဘားအံဆွေးနွေးပွဲမှာလည်း ဇန်န၀ါရီလသို့ ရက်ရွှေ့ဆိုင်းကြောင်း သတင်းများ ထွက်ပေါ်နေသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာနှင့် ပတ်သက်ပြီး မြစ်ကြီးနား ဆွေးနွေးပွဲတွင် အစိုးရမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသို့ ပေးပို့ထားသည့် မူကြမ်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက်မခံသည့် အချက်များ ပါဝင်နေသော်လည်း ဆက်လက် ညှိနှိုင်းမည်ဟု NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက နိုဝင်ဘာလက ရန်ကုန်မြို့သို့ ရောက်ရှိစဉ် ပြောကြားထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂ ရက်က ပြည်သူများသို့ ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ”ကျန်ရှိနေသေးတဲ့ သံသယတွေ မယုံကြည်မှုတွေ၊ စိုးရိမ်ကြောင့်ကြ မှုတွေကို ဖြေလျော့ပြီး မှန်ကန်တဲ့ နိုင်ငံရေး နည်းလမ်းတွေနဲ့ တိုင်းရင်းသားများရဲ့ လိုလားချက်များကို ဆွေးနွေးညှိနှိုင်းဖို့ အခိုင်အမာ သံန္နိဌာန်ချထားကြောင်း ကိုလည်း ပြောကြားလိုပါတယ်။ ထပ်လောင်း ပြောကြားလိုတဲ့ ကိစ္စကတော့ ယခုတစ်ကြိမ် ငြိမ်းချမ်းရေး ကမ်းလှမ်းတာဟာ စိတ်ရင်းစေတနာ အမှန်ကို အခြေပြုတဲ့၊ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်” ဟု ပြောကြားထားသည်။

မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သော အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဆွေးနွေးပွဲအား တွေ့ရစဉ် ( ဓာတ်ပုံ- အောင်ဇော်ထွန်း)

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/newsinmm

အိန္ဒိယ-မြန်မာနယ်စပ်မှာ လက်နက်ခဲယမ်းအမြောက်အများဖမ်းမိ

အိန္ဒိယ – မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ တင်သွင်းလာသည်ဟု ယူဆရသော လက်နက် ခဲယမ်း  အ မြောက်အများကို ဒေသခံရဲ နှင့် အာသံစစ်တပ်တို့ ပူးပေါင်းပြီး ဒီဇင်ဘာလ ၀၂ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့သည် ဟု သိရသည်။

ကြိုတင်သတင်းရရှိချက်အရ Serchhip မြို့နယ် ရဲအဖွဲ့ နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့တို့က မီဇိုရမ်ပြည်နယ် နယ်စပ်မြို့ Champhai မှ ထွက်ခွါလာသော Pick-up ကားတစီးကို Serchhip မြို့နယ် Khawlailun ကျေးရွာနားမှာ ရှာဖွေစစ်ဆေးကာ  အဆိုပါလက်နက်များကို ကားသမား ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု Serchhip ရဲစခန်းမှူး Pu Ramhluna ကပြောသည်။

“ Champhai ကနေ Lungleiမြို့ကို Biate ရွာ လမ်းကြောင်းကနေ သွားမယ်ဆိုတာ ကျနော်တို့ ကြိုတင်သတင်းရ ထားပါတယ်၊ ကျနော်တို့သတင်းရထားချက်အတိုင်းဘဲ လမ်းခုလပ်မှာ စောင့်ပြီးဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်” ဟု စခန်းမှူး ကပြောသည်။

ယခုဖမ်းဆီးရမိသော လက်နက်များမှာ ၄၀ မမ လက်ပစ်ဗုံး ၃၉လုံး၊ အမ်အေ-၃ အမ်ကေ ၂ ၅.၆ မမ မောင်းပြန် သေနတ် ၄ လက်၊ ၇.၆၂ မမ မောင်းပြန်သေနတ် ၁၀ လက်၊ ကျည်ဘောက် ၂၉၊ ၉ မမ ပစ်စတို ၁ လက်၊ အသံတိတ် ပစ်စတို ၁ လက်၊ ကျည်ဆံ ၅၃၂ ခု၊ အဝေးကြည့် မှန်ပြောင်း ၁ ခု၊ အယ်လ်အမ်ဂျီ ၇.၆၂ မမ ၁ လက် နှင့် ရိုက်ဖယ် လွယ်ကြိုး ၈ ခု စသည်တို့ဖြစ်သည်။

အဖမ်းခံရသော ကားသမား ၂ ဦးသည် မီဇိုရမ်ပြည်နယ်သား Champhai မြို့ခံများဖြစ်ကြပြီး အဆိုပါလက်နက် များကို အခကြေးငွေဖြင့် ပို့ဆောင်ပေးခြင်းသာဖြစ်ကြောင်း ထွက်ဆိုထားကြသည်ဟု စခန်းမှူးကပြောသည်။

အဆိုပါလက်နက်များသည် Lunglei မြို့မှတဆင့် မည်သည့်ဒေသသို့ ဆက်လက်ပို့ဆောင်မည်ဆိုသည် နှင့် လက်နက် ပိုင်ရှင်အစစ်အမှန်ကို သိရှိနိုင်ရန် စုံစမ်း စစ်ဆေးမှူများ ဆက်လက်ပြုလုပ်နေကြောင်း စခန်းမှူးကဆက်ပြောသည်။

မီဇိုရမ်ပြည်နယ်သည် အိန္ဒိယအရှေ့မြောက်ပြည်နယ်မှ ခွဲထွက်ရေးသူပုန် နှင့် လက်နက်မှောင်ခိုအဖွဲ့များ လက်နက် ရောင်းဝယ်ရေးလုပ်ငန်း နှင့် လက်နက်တင်ပို့ရေး လုပ်ငန်းများအတွက် အဓိကအသုံးပြုလေ့ရှိသော ကြားခံဒေသ တခုဖြစ် သည်။

ခိုနူမ်းထုန် သတင်းဌာန

ယုဒသန် နှစ် ၂၀၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ

ဆရာယုဒသန်, အောက်မေ့ဖွယ်အခမ်းအနား, ရန်ကုန်

ဆရာယုဒသန် အောက်မေ့ဖွယ် ဓမ္မသဘင် ဖွင့်ပွဲ ကျေးဇူးတော် ချီးမွမ်းခြင်း ဝတ်ပြုစည်းဝေး မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ်က ကြီးမှူးကျင်းပသည့် ဆရာယုဒသန်၏ မြန်မာပြည် နှစ်ခြင်းသာသနာနှစ် ၂၀၀ ပြည့် ကျေးဇူးတော် ချီးမွမ်းခြင်း ဓမ္မသဘင်ကို ဖွင့်ပွဲကို ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နေ့လယ် ၁ နာရီတွင် ရန်ကုန် အလုံမြို့နယ်ရှိ ဧရာဝတီ ပိုးကရင်ကွင်း ဘုရားကျောင်းဝန်းကြီးထဲ၌ ကျင်းပခဲ့သည်။

ဆရာ ယုဒသန်၏ မြန်မာပြည် နှစ်ခြင်းသာသနာနှစ် ၂၀၀ ပြည့် ဓမ္မသဘင် ဖွင့်ပွဲဝတ်ပြုခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံ သာသနာရေး ၀န်ကြီး ဦးဆန်းဆင့်၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေအပါအ၀င် ၀န်ကြီးဌာန အသီးသီးရှိ ၀န်ကြီးများနှင့် ပြည်တွင်းပြည်ပ နိုင်ငံများရှိ အနယ်နယ် အရပ်ရပ်မှ နှစ်ခြင်း မိတ်ဿဟာရ အဖွဲ့ ဝင် သုံးရာကျော်၊ ပြည်ပ ဧည့်သည် တရာကျော်ခန့် တက်ရောက် ခဲ့ကြသည်ကို တွေ့ရသည်။

ဓမ္မသဘင်ကြီး၏ အဓိကအချက် အနေဖြင့် “အလိုတော်သည် မြန်မာနိုင်ငံ၌ ပြည့်စုံပါစေသော်” ဆိုသောအချက်နှင့် “ထာဝရဘုရားသခင် သည် နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံတော်ကို ဦးဆောင်လျှက် ရှိကြသော နိုင်ငံတော်သမ္မတကြီးနှင့် တကွ ခေါင်းဆောင်များ၊ ၀န်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများ၊ အသင်းတော်များမှ ခေါင်းဆောင်များ၊ အသင်းသူ အသင်းသားများ၊ ပြည်ပရောက် မြန်မာခရစ်ယာန်များ အားလုံးကို ကြွယ်ဝစွာ ကောင်းချီး ပေးတော်မူလျှက် နိုင်ငံ့တာဝန်ကို ဆထက်ထမ်းပိုး သယ်ပိုးဆောင်ရွက် နိုင်ပါစေ” ဟူ၍ လည်းကောင်း၊ “နိုင်ငံတော် အစိုးရနှင့် နိုင်ငံသူနိုင်ငံသား အားလုံး မျှော်မှန်းထားသည့် အေးချမ်းသာယာသည့် နိုင်ငံတော်ကြီး ဖြစ်လာပါစေကြောင်း” ဟူ၍ လည်းကောင်း စသည်တို့ကို သိက္ခာတော်ရ ဓမ္မသဘင် ဂုဏ်ဆောင် သဘာပတိ ဆရာ စမ်စန်က ပြောကြားခဲ့သည်။

အနယ်အနယ် အရပ်ရပ်ရှိ အသင်းတော်များမှ အသင်းသူ အသင်းသားများ စုံလင်စွာ စုပေါင်းပြီး ဓမ္မသဘင်သို့ တက်ရောက် လာသည်ကို ၀တ်စားဆင်ယင်မှု ပုံစံ၊ ရိုးရာဝတ်စုံ အမျိုးမျိုးနှင့် တွေ့ မြင်ရသည်။

ယခုကဲ့သို့ ဓမ္မသဘင်သို့ တက်ရောက်လာသူများ စားသောက် နေထိုင်မှုအတွက် မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်က စီစဉ်ထားရှိပေးပြီး ဓမ္မသဘင်ပွဲသို့ တက်ရောက်မည့် သူများအတွက် ထမင်းစား ကတ်ပြား နှစ်သောင်းခန့် စီစဉ်ပေးထားကြောင်း သိရသည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် နှစ်ခြင်း အသင်းတော်ပေါင်း ၄၉၂၉ ခန့် ရှိပြီး အသင်းသူ အသင်းသားပေါင်း ၁. ၆ သန်းကျော်လျှက် ရှိနေပြီ ဖြစ်သည်။

“ဒီပွဲက နှစ် ၂၀၀ ပြည့် ရှားရှားပါးပါး ကြုံခဲတယ်လေ။ အသင်းတော်က စီစဉ်ပေးတယ်၊ ကားနဲ့ အသွားအပြန်ကော၊ နေစား စရိတ်ကောပေါ့။ တောင်ကြီးက လာတယ်၊ တည်းတာကတော့ ရွာမ ဘုရားကျောင်းမှာ တည်းပါတယ်။ မိတ်ဆွေတွေလည်း အများကြီး တွေ့ ရတော့ ပျော်ပါတယ်” ဟု အဆိုပါ ဓမ္မသဘင်ပွဲကို တက်ရောက်လာသူ ပအိုဝ့်တိုင်းရင်းသူ တဦးက ပြောသည်။

ဓမ္မသဘင် အခမ်းအနားကျင်းပရာ ပိုးကရင်ကွင်းကြီးထဲတွင် လူဦးရေ နှစ်သောင်းကျော်ခန့် လှုပ်ရှား သွားလာနေကြပြီး ဝတ်ပြုပွဲအခမ်းအနား ကျင်းပရာ ခန်းမကြီး၏ အပေါ်ထပ်တွင် သာမက၊ အောက်ထပ် ခန်းမ တလျှောက်နှင့် ပိုးကရင် ကွင်း ဘုရားကျောင်း ၀န်းအပြည့် ဓမ္မသဘင် တက်ရောက်လာသူများကို တွေ့ ရသည်။

မြန်မာပြည် အနယ်နယ် အရပ်ရပ်သာမက၊ နိုင်ငံတကာမှ နှစ်ခြင်းခရစ်ယာန် အဖွဲ့များပါ လာရောက်ကြသဖြင့် ပြည်နယ်နှင့် တိုင်း ဒေသများမှ လာရောက်သူများ တည်းခိုရန် ရန်ကုန်မြို့တွင်းနှင့် ရန်ကုန်မြို့နှင့် အနီးတဝိုက်ရှိ အသင်းတော်များက ကူညီ ဝိုင်းဝန်းစီစဉ်ပေး ကြကြောင်း အဆိုပါ ဓမ္မသဘင် ဖြစ်မြောက်ရေးအတွက် တာဝန်ရှိသူတို့က ဆိုကြသည်။

ကျေးဇူးတော် ချီးမွမ်းသည့် ဖွင့်ပွဲနေ့တွင် အခမ်းအနားသို့ တက်ရောက်လာသည့် ဦးရေ များပြားလွန်းသဖြင့် အသင်းတော်အဖွဲ့ များ လူအုပ်စု ကွဲမှုများ ကြုံတွေ့ နေရသဖြင့် ပြန်ကြားရေးမှ အသံချဲ့စက်ဖြင့် လူစုကွဲနေသူ များအား ပြန်လည် ဆုံစည်း ပေးရခြင်းများ ရှိကြောင်း သိရသည်။

ဆရာယုဒသန်၏ ကျေးဇူးတော် အောက်မေ့ခြင်း အခမ်းအနား ဓမ္မသဘင်ကို ဒီဇင်ဘာလ ၅ ရက်နေ့မှ စတင်ကာ ၈ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ကျေးဇူးတော် ချီးမွမ်းခြင်းများ၊ စာတန်းဖတ်ပွဲများအပြင် ညနေပိုင်း အချိန်များတွင် ဓမ္မပြဇာတ်များ၊ ဓမ္မတေးသီချင်း သီဆိုမှုများ၊ တိုင်းရင်းသားရိုးရာ အကများဖြင့် စည်ကားစွာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

အမေရိကန်လူမျိုး (ဆရာယုဒသန်) သည် နှစ်ခြင်း သာသနာပြုရန် ၁၈၁၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မဒရပ်မြို့မှ သင်္ဘောဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး အမည်အရင်း ဒေါက်တာ အဒိုနီရမ် ဂျပ်ဆင် ဖြစ်သော်လည်း မြန်မာတို့က ဂျပ်ဆင်ကို အသံဖလှယ်ပြီး ခေါ်ဆိုရာမှ ယုဒသန်ဟု အမည်တွင်လာခြင်း ဖြစ်သည်။

The post ယုဒသန် နှစ် ၂၀၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ appeared first on ဧရာဝတီ.